ရွှေတောင် မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ပြောရဲဆိုရဲသည့် သတ္တိတွေမွေးမြူပေးနိုင်ရန်နှင့် စဉ်းစားတွေးခေါ်မှုများမြင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ်(၉)၊ စာမျက်နှာ-၁၃ ပါ " အပူဒဏ်နှင့်ကျန်းမာရေးဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူတို့မှ ဆုများနှင့်ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ ဆက်)