သဲကုန်း မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းတို့က မေ ၁၄ ရက်နေ့က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုမှ ပြိုလဲနေအိမ် ၁ လုံး၊ အမိုးလန်နေအိမ် ၁၉ လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး ၉၂၀၀၀၀၊ လူ ၆၆ ဦးအတွက်ဆန်ဘိုး ၁၃၈၆၀၀ စုစုပေါင်း ၁၀၅၈၆၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၁ စုစာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်