ချောင်းသာ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ မုန်တိုင်းရှောင်စခန်းများတွင် ခိုလှုံနေသည့် ပြည်သူများ ယမန်နေ့နံနက် ၇ နာရီချိန်ခန့်ကစတင်ပြီး မိမိနေရပ်များသို့ ပြန်လည် ထွက်ခွာလျက် ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် မုန်တိုင်းအန္တရာယ်မှ ကြိုတင်ရှောင်ရှား ယာယီပြောင်းရွှေ့ခိူလှုံနိုင်ရန်အတွက် မုန်တိုင်းရှောင် စခန်းများကို မြို့ပေါ်ရပ်ကွက်များတွင် ဒေါနတောင်ဘုန်းတော်ကြီးကျောင်း၊ စကားဝါတောင် ဘုန်းတော်ကြီးကျောင်း၊ ရန်ကင်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃) ရပ်ကွက် ပြည်သူ့အားကစားကွင်းရှိ School Cump Shelter တို့တွင် လည်းကောင်း၊ ကျေးရွာ အုပ်စုများတွင် ကန်ကြီးကျေးရွာအုပ်စု၌ ကံကြီးဘုန်းတော်ကြီးကျောင်းနှင့် ကညင်ကွင်း ဘုန်းတော်ကြီးကျောင်း စုစုပေါင်း မုန်တိုင်းရှောင်စခန်း (၆)ခုဖွင့်လှစ် ထားရှိခဲ့ပြီး အဆိုပါ မုန်တိုင်းရှောင်စခန်းများတွင် ခိုလှုံရောက်ရှိနေသည့် ပြည်သူများသည် ချောင်းသာမြို့ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေး ကော်မတီအဖွဲ့များ၏ အစီအစဥ်များအပြင် မိမိတို့အစီအစဥ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းသာမြို့တွင် လတ်တစ်လောဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် လူနှင်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိပဲ ဝါးဓနိမိုးလူနေအိမ်တစ်လုံးသာ ပြိုကျပျက်စီးခဲ့ကြောင်း မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံမှ သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)