ညောင်လေးပင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးအမိုးလန်ပျက်စီး

ညောင်လေးပင် မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အလယ်ရွာကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ပင် ၄ ပင်၊ တစ်ထပ်တိုက်တစ်လုံး သွပ် ၁၀ ချပ် အမိုးလန်မှုဖြစ်သွားခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ နှစ်သိန်းငါးသောင်းခန့်ရှိပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်