ရေကြည်မြို့နယ်ရှိ မြစည်မဟာစည်ဆရာတော် ဘဒ္ဒန္တဝိစက္ခအား ကမ္မဋ္ဌာနာစရိယ ဘွဲ့တံတော် ထပ်ဆင့်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရေကြည် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ဗထူးရပ်ကွက်(၁၀)လမ်းရှိ မြစည် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၏ ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တဝိစက္ခအား နိုင်ငံတော် ကမ္မဋ္ဌာနာစရိယဘွဲ့တံတော် ထပ်ဆင့်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ အချိန်က သာသနာ့ရိပ်သာကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကမ္မဋ္ဌာနာစရိယဘွဲ့ခံဆရာတော်  ဘဒ္ဒန္တဝိစက္ခအား ပင့်ဆောင်ကာ နမောတဿ (၃)ကြိမ် ဘုရားကန်တော့ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေရေးဆောင် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြသည်။  ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိုင်ငံတော်မှဆက်ကပ်သည့် ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခြင်း၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှလည်း ဆရာတော် သံဃာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူန်းဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။          

မြို့နယ်(ပြန်/ဆက်)