ဟင်္သာတ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးသင့်ပြည်သူများအား ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ် ရေး ရန်ပုံငွေ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၅) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးမှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပြီးနောက် ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် ဟင်္သာတခရိုင် သဘာဝဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စု(၅၃)စုမှ မိသားစုဝင်များကို အခြေခံအိမ်သုံးပစ္စည်း (၁၇)မျိုးပါဝင်သော ထောက်ပံ့ပစ္စည်းပုံးများနှင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၆၉၇,၇၀၀) ကျပ်အား အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြပြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသော လေဘေးသင့်အိမ်ထောင်စုများအား အားပေးစကားလိုက်လံပြောကြားခဲ့ ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)