ချောင်းသာမြို့ မုန်တိုင်းရှောင်စခန်းများတွင် ခိုလှုံနေသည့်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ချောင်းသာ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ မုန်တိုင်းရှောင်စခန်းများတွင် ခိုလှုံနေသည့် ပြည်သူများအား ယမန်နေ့ညနေ ၃ နာရီအချိန်က ချောင်းသာမြို့တိုက်နယ် ကျန်းမာရေး ဌာနဝန်ထမ်းများက  ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး ဟော ပြောခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းရှောင်စခန်းများရှိ ပြည်သူများအား "လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသော ရေနှင့်အစားအသောက်များကို စားသောက်မိခြင်းမှဆစ်ဆင့် ကူးစက်ဖြစ်ပွား၍ အသက် အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအသွင်ဖြင့် ဖြစ်ပွားနိုင်ကြောင်းနှင့် လေမုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရန် လိုက်နာ ကျင့်သုံးရမည့်အချက်များကို" အသိပညာပေးဟောပြောခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ချောင်းသာမြို့တွင် မုန်တိုင်းအန္တရာယ်မှ ကြိုတင်ရှောင်ရှား ယာယီပြောင်းရွှေ့ခိူလှုံနိုင်ရန်အတွက် မုန်တိုင်းရှောင်စခန်းများကို မြို့ပေါ်ရပ်ကွက်များတွင် ဒေါနတောင်ဘုန်းတော်ကြီးကျောင်း၊ စကားဝါတောင်ဘုန်းတော်ကြီးကျောင်း၊ ရန်ကင်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃) ရပ်ကွက် ပြည်သူ့အားကစားကွင်းရှိ School Camp Shelter တို့တွင် လည်းကောင်း၊ ကျေးရွာ အုပ်စုများတွင် ကန်ကြီးကျေးရွာအုပ်စု၌ ကံကြီးဘုန်းတော်ကြီးကျောင်းနှင့် ကညင်ကွင်းဘုန်း တော်ကြီးကျောင်း စုစုပေါင်း မုန်တိုင်းရှောင်စခန်း(၆)ခုဖွင့်လှစ် ထားရှိခဲ့ပြီး အဆိုပါမုန်တိုင်းရှောင် စခန်းများတွင် ခိုလှုံရောက်ရှိနေသည့်ပြည်သူများအား လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွား တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အတွက် တိုက်နယ်ကျန်းမာရေးဌာနမှ (ကျန်းမာရေးကြီးကြပ် - ၁)ဦးထွန်းအောင်ကိုနှင့် တာဝန်ရှိသူများက လိုက်လံအသိပညာပေး ဟောပြောခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)