စစ်ကိုင်းတက္ကသိုလ်တွင် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်း မေ ၁၅

စစ်ကိုင်းတက္ကသိုလ်တွင် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက နိုင်ငံတော်၏ ဘက်စုံ ပညာရေးကဏ္ဍ မြင့်မားစေရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သင်ရိုးများကို ခေတ်နှင့်အညီပြုပြင်ပြောင်းလဲကြရာတွင် သင်ရိုးများကို အခြေခံ၍ ဆရာ/ဆရာမများက (၂၁)ရာစုတွင် ကျောင်းသား/သူများ မဖြစ်မနေလိုအပ်သော အရည်အသွေးများ အပြည့်အဝ ရရှိစေဖို့ မည်ကဲ့သို့သင်ကြားပို့ချကြမည်ကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ရာ အပြည့်အဝရရှိအောင် လိုပ်ပါလေ့ကျင့်စေလိုကြောင်း ဆွေးနွေးပြောကြားကာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ပညာရေးဝန်ထမ်းများ၏ ဆောင်ရွက်ချက် များကို နိုင်ငံတော်က အသိအမှတ်ပြုလျှက်ရှိပါကြောင်းနှင့် နိုင်ငံတော်မှ အားထားရတဲ့ ဆရာ/ဆရာမများ ဖြစ်အောင် ဘာသာရပ်ဆိုင်ရာသင်ရိုးသစ်များကို သေချာစွာလေ့လာ ဆည်းပူးကြပါရန်နှင့် ကျန်းမာရေး ကိစ္စရပ်များလည်း အထူးဂရုပြုကြပါလို့ ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်သူက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ မွန်းမံသင်တန်းကို လာရောက်တက်ရောက်ပေး ကြတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ စည်းကမ်းတစ်ကျ လေ့လာမှတ်သားပြီး အခက်အခဲများရှိပါ က အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားကြပါရန် အထူးမှာ ကြားလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၇၀၀)ကျော် တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀)ကြာ ပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသို့ စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင် စီမံအူပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။        

ဇော်မြင့်နိုင်