ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ညောင်လေးပင် မေ  ၁၅


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယ​နေ့နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ် တော်ပသီကျေးရွာအုပ်စု၊ တော်ပသီကျေးရွာ၊ မုက္ခမူကျေးရွာအုပ်စု၊ မုက္ခမူကျေးရွာ၊ဝဲဝန်းကျေးရွာအုပ်စု ဘိုင်းဒါးကျေးရွာတို့တွင်  ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့်အမိုးလန်နေအိမ်(၁၂)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၈၈၀၀၀)ကျပ်၊လူဦးရေ(၄၇)ဦးအတွက် ဆန်၊ရိက္ခာဖိုးထောက်ပံ့ငွေ(၉၈၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈၆၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)