မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်း၊     မေ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ ၁၃ ရက် နေ့ ည (၉) နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုကျ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို မေလ ၁၄ ရက်နေ့ညနေပိုင်းအချိန်တွင် အချိန်နှင့် တပြေးညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကပ်ခိုကျေး ရွာအုပ်စု ကျုံဝါးကျေးရွာမှ ပြိုကျပျက်စီးသော နေအိမ်(၁) လုံး၊ ကျုံလမုမမွှေး ကျွန်းကျေးရွာအုပ်စု၊ ကျုံလမု ကျေးရွာမှ အမိုးလန်ပျက်စီးသောနေအိမ် (၁) လုံး၊ တန့်ငူကျေး ရွာအုပ်စု၊ အောင်လှိုင်ကျေးရွာမှ အမိုးလန် ပျက်စီးသောနေအိမ် (၁) လုံး၊ မြင်းကကုန်း ကလေးဒေါင်းရေကျော်ကျေးရွာအုပ်စု၊ ဒေါင်းရေကျော်ကျေးရွာမှ အမိုးလန်ပျက်စီးသော နေအိမ်(၁) လုံး၊ ကြပ်စဉ်ချောင်းကျေးရွာအုပ်စု၊ ကျုံလတာကျေးရွာမှအမိုးလန်ပျက်စီး သောနေအိမ်(၁) လုံး၊ စုစုပေါင်းအမိုးလန်ပျက်စီးသောနေအိမ် (၅)လုံး၊ နှင့် ပြိုကျပျက်စီးသောနေအိမ်(၁) လုံး အိမ်ထောင်စု(၆) စုမှ လေဘေးသင့်လူဦးရေ (၂၀)ဦးအတွက် ထောက်ပံ့ပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေး ပစ္စည်း(၁၉) မျိုးပါ ကျပ် (၄၉၀၃၆)တန်ဖိုးရှိ (၁) ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၄၂၀၀၀) ကျပ်နှင့် အိမ်ဆောင် ပစ္စည်းတန်ဖိုးငွေကျပ် (၂၁၅၀၀၀) စုစုပေါင်းလေဘေးထောက်ပံ့ရန်ပုံငွေကျပ် (၂၅၇၀၀၀)တိတိကို လေဘေး သင့်ပြည်သူများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးတို့နှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)