ဒိုက်ဦး မေ ၁၅
ယမန်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ လှည်းကူးကျေးရွာရှိ အ.မ.က(လွန်)စာသင် ကျောင်းတွင် (၁၅)ပေသွပ်(၁၅)ချပ်၊ အမိုးလန် ပျက်စီးခဲ့ပြီးပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ်(၅)သိန်းခန့်၊ သပြေတန်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းဘုန်းကြီးကျောင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်း အမိုး(၁၂)ပေသွပ်အချပ်(၄၀)လန်ကာ ပျက်စီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၁၅၀၀၀၀ဝိ/-) ကျပ်ခန့်၊ ယင်းညပိုင်း မိုးရွာသွန်းမှုကြောင့် ဒိုက်ဦးမြို့နယ်အားကစားကွင်း အနောက်ဘက်ခြမ်း အုတ်တံတိုင်း ၁၀ပေ၊၄ခန်း အမြင့် ၇ပေ ပြိုကျသွားခဲ့ပါသည်။
အဆိုပါပျက်စီးဆုံးရှုံးမှုများတွင် လူနှင့်တရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)