လိပ်သို မေ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဒေသခံပြည်သူများ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် သဘာ၀ဘေးအန္တရာယ်ကျရောက်ပါက သဘာ၀ဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံထားချက်များ၊ မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ၊ မုန်တိုင်းမကျရောက်မီ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရန်အချက်များ စသည့် သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို (Online) မှတစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)