မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့်  လူနေအိမ်(၂)လုံး အမိုးလန် ပျက်စီးမှုဖြစ်ပွား

အထက်မင်းလှ မေ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ ည‌နေ နာရီ ၄၅ မိနစ်အချိန်က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်()လုံး အမိုးလန်ပျက်စီးမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ရုံးရပ်ကွက်တောင်ပိုင်းမှ လူနေအိမ်(၂)လုံးမှာ အိမ်အမိုးသွပ်များ အမိုးလန်ပျက်စီးခဲ့ကာ အိမ်အကာထရံများ ပြုတ်ကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် မိသားစုဝင်များအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)