ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ကဝ မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များပြည့်မီကျော်လွန်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအားလုံး အရည်အသွေးပြည့်မီစွာအချိန်မီ ပြီးစီးရေးသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိပြီး မိမိတို့ဆောင်ရွက်သည့် စီမံကိန်းများနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စီစစ်သုံးသပ်ခြင်းများကို အကောင်အထည်ဖော်ကြသူများဖြစ်၍ အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သူဇာဝင်းက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒေသန္တရစီမံကိန်းရည်မှန်းချက် ကဏ္ဍကြီးသုံးရပ်ဖြစ်သည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)