ငပုတော မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် ကြွေကျ၊ ကျိုးပဲ့ခဲ့သည့် ရှင်ဆပဒကျောင်းတော်ရာရှိ သစ်ကိုင်းများ၊ သစ်ရွက်များအား ဖယ်ရှားရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း ဦးဆောင်သောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဦးဌာနမှ ဝန်ထမ်းများမှ ကျောင်းတော်ရာအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
အလားတူ ငပုတောမြို့အရှေ့ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့တွင် ဒေသခံပြည်သူများ ရပ်ကွက်သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှကြည့်ရှု့အားပေး ခဲ့ပြီးလိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)