လေးမျက်နှာ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မေ ၁၄ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံးပြိုကျ ပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည်။
မေလ ၁၄ ရက်နေ့ ညနေ ၂ နာရီ ၃၅ ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ချင်းကုန်းကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာရှိ ဦးမင်းနောင် ပိုင်ဆိုင်သော မိသားစု(၃)ဦးနေထိုင်သည့် ဓနိမိုး၊ ထရံကာ (အိမ်ပြို) ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀)ကျပ်၊ သဲနုကုန်းကျေးရွာအုပ်စု၊ စိန်ဘောင် ကျေးရွာရှိ ဦးမြင့်ခိုင် ပိုင်ဆိုင်သော မိသားစု(၄)ဦးနေထိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(အိမ်ပြို) ပျက်စီး ဆုံးရှုံးမှု တန်ဖိုး(၈၀၀၀၀)ကျပ်၊ သဲနုကုန်းကျေးရွာအုပ်စု၊ စိန်ဘောင်ကျေးရွာရှိ ဦးငြိမ်းချမ်း ပိုင်ဆိုင်သော မိသားစု(၃)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(အိမ်ပြို) ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀)ကျပ်၊ သုံးဆက်ကျေးရွာအုပ်စု၊ သုံးဆက်ကျေးရွာရှိ ဦးသက်နိုင်ဝင်း ပိုင်ဆိုင်သော မိသားစု (၄)ဦးနေထိုင်သည့် သွပ်မိုး၊ ပျဥ်ခင်း၊ ထရံကာ(အမိုးလန်) ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၁၅၀၀၀၀)ကျပ်၊ ခမောက်စုကျေးရွာအုပ်စု၊ ခမောက်စုကျေးရွာရှိ ဒေါ်ပေါက်ပေါက် ပိုင်ဆိုင်သော မိသားစု(၅)ဦးနေထိုင်သည့် သွပ်မိုး၊ ထရံကာ (အမိုးလန်) ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၄၀၀၀၀)ကျပ်၊ ခမောက်စုကျေးရွာအုပ်စု၊ ခမောက်စုကျေးရွာရှိ ဒေါ်စုစု ပိုင်ဆိုင်သော မိသားစု(၁)ဦးနေထိုင်သည့် တိုက်ခံအိမ်(အမိုးလန်) ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၈၀၀၀၀)ကျပ် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၁၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညနေ ၄ နာရီ ၃၀ အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှည်းထောက်ကွင်းကျေးရွာအုပ်စု၊ လှည်းထောက်ကွင်း ကျေးရွာရှိ ဒေါ်မိစုပိုင်ဆိုင်သော မိသားစု (၆)ဦးနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်(အမိုးလန်) ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၂၀၀၀၀၀)ကျပ်၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ စာစီကုန်းကျေးရွာရှိ ဦးခင်မောင်ကို ပိုင်ဆိုင်သော မိသားစု(၃)ဦး နေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်(အမိုးလန်) ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀)ကျပ်၊ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ပန်းတင်ကုန်းကျေးရွာရှိ ဦးအောင်သန်းဇော် ပိုင်ဆိုင်သော မိသားစု (၇)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(အိမ်ပြို) ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၁၀၀၀၀၀)ကျပ် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၃၅၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်းနှင့် ယနေ့ မနက် ၆ နာရီ ၃၀ အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ခတ္တူကျေးရွာအုပ်စု၊ မြို့မကျေးရွာရှိ ဦးဖိုးသာအေး ပိုင်ဆိုင်သော မိသားစု(၃)ဦးနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ သစ်အိမ်(အိမ်ပြို) ပျက်စီးဆုံးရှုံးမှု တန်ဖိုး(၂၀၀၀၀၀)ကျပ်၊ လဟာကြီးကျေးရွာအုပ်စု၊ ကညင်ပင်လှကျေးရွာရှိ ဦးမောင်ကံ ပိုင်ဆိုင် သော မိသားစု(၄)ဦးနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ သစ်အိမ်(အမိုးလန်) ပျက်စီးဆုံးရှုံးမှု တန်ဖိုး (၁၀၀၀၀၀)ကျပ် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၃၅၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘေးသင့်အိမ်ထောင်စုများသည် ၎င်းတို့၏ ဆွှေမျိူးနေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး လေပြင်းတိုက်ခတ်ရာနေရာ များသို့ မြို့နယ်သဘာဝဘေးကော်မတီမှ တာဝန် ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ပျက်စီးမှုများ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွတ်လျက်ရှိပါကြောင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိ ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)