လိပ်သို မေ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ရှိ လယ်မြေအချို့ကို နှစ်သီးစားအဖြစ် ဖန်တီးကာ စီးပွားဖြစ် (၆၁၁) ဖရဲမျိုးများ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်၍ စပါးစိုက်ပျိုးနိုင်သော လယ်မြေအနည်းငယ်သာရှိရာ တောင်သူများက မိုးတွင်းကာလတွင် မိုးစပါးကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး ကျန်ကာလများတွင် လယ်မြေများအား မစိုက်ပျိုးဘဲ ထားလေ့ရှိကြသည်။
ယခုနှစ် မိုးစပါးအပြီးတွင် ရေသွင်းစနစ်ဖြင့် နှစ်သီးစားအဖြစ် တစ်နိုင်တစ်ပိုင် ဖရဲစမ်းသပ်စိုက်ပျိုး ကြည့်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီး အရွယ်အစားပေါ်မူတည်၍ ကျပ် (၃၀၀ဝိ/-) မှ ကျပ် (၅၀၀ဝိ/-) အထိ ရောင်းချရကြောင်း သိရသည်။ အဆိုပါ ဖရဲသီးများကို လိပ်သိုမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများအပြင် တောင်ငူမြို့သို့လည်း ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဖရဲစမ်းသပ် စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)