လိပ်သို မေ ၁၅
ဂေခိုဂေဘားနှစ်ခြင်းခရစ်ယာန်သာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မိခင်များနေ့တွင် မိခင်များအား ဂုဏ်ပြုအထူးဝတ်ပြုဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝတ်ပြုဆုတောင်းပွဲတွင် မိခင်များနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အသင်းအုပ်ဆရာ စောမြင့်ထွန်းက ဖတ်ကြားခြင်း၊ မိခင်များအတွက် တရားဒေသနာကို ဆရာစောထွန်းနီက ဟောကြားပေးခဲ့ပြီး မိခင်များအတွက် ဆရာစောဂစ်ပ်ဆင်က အထူးဆုတောင်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖခင်များနှင့် လူငယ်မောင်မယ်များက မိခင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ မိခင်များအား ဂုဏ်ပြုစပ်ဆိုထားသော ဓမ္မတေးသီချင်းများဖြင့် သီဆို ချီးမွမ်း ဂုဏ်ပြုခြင်း၊ မိခင်များနှင့် ပတ်သက်သော သမ္မာကျမ်းစာများ ဖတ်ကြားဂုဏ်ပြုခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)