ဝက်လက်မြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေရာအချို့တွင် သစ်ပင်များ လဲကျရာ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဝက်လက် မေ ၁၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ဝက်လက်မြို့နယ်၌ ယမန်​နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် နေရာအချို့ သစ်ပင်များ ပြိုလဲကျရာရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း သစ်ပင်များ လဲကျရာနေရာများဖြစ်သည့် ဝက်လက်မြို့၊ အမှတ် ၃ရပ်ကွက်၊ ဝက်လက်-လှ​တောလမ်းတွင်  လုံးပတ် ၃ ပေ၊ အမြင့် ၃၀ ပေရှိ စိန်ပန်းပင်နှင့် အမှတ် ၂ ရပ်ကွက်၊ ဝက်လက်-ဟံလင်းလမ်းတွင်  လုံးပတ် ၃ ပေ၊ အမြင့် ၃၀ ပေရှိ ဆူးဖြူပင် လဲကျနေပါသဖြင့် ရှင်းလင်းပေးပါရန် ပြည်သူများမှ အကူအညီတောင်းခံလာသဖြင့် ဝက်လက် မြို့နယ်မီးသတ်စခန်းမှ မြိုနယ်ဦးစီးမှူး ဦး​မောင်နိန်ဦး​ဆောင်​ကာ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁ + ၆ ဦးအရန် ၅ ဦး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ၅ ဦးနှင့် တာဝန်ရှိသူများက သစ်ပင်သစ်ကိုင်း အခက်အလက်များ ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို​ဆောင်ရွက်ခဲ့ပြီး အဆိုပါ သစ်ပင်များလဲကျမှုကြောင့် လူနှင့် ပစ္စည်း၊ အ​ဆောက်အဦများ ထိခိုက် ပျက်စီးမှုမရှိ​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)