ငဖဲ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယမန်နေ့များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်ချည်တိုင်ကျေးရွာအုပ်စု ဆင်ချည်တိုင်ကျေးရွာ သလဲလေးဘုန်းတော်ကြီးကျောင်းဝန်းရှေ့ ကာရံထားသော အုတ်တံတိုင်းများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စု ဆင်ချည်တိုင်ကျေးရွာ၏ အနောက်ဘက် တစ်ဖာလုံခန့်အကွာရှိ သလဲလေးဘုန်းကြီးကျောင်းဝင်းအား ကာရံထားရှိသော ရှေ့မျက်နှာစာ အုတ်တံတိုင်းအခန်း ၂၃ ခန်း၊ စုစုပေါင်း ၁၇၂.၅ ပေခန့် အုတ်တံတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားများ ပျော့အိနိမ့်ကျကာ ပြိုလဲသွားခဲ့၍ ဆုံးရှူံးမှုတန်ဖိုး ၃၄၅၀၀၀၀ ကျပ်ခန့် ဆုံးရှုံးသွားခဲ့ပြီး လူတိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မယု(ငဖဲ)