ရွှေဘို မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၌ ယမန်နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် နေရာအချို့သစ်ပင်များ ပြိုလဲကျရာ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်း သစ်ပင်များ လဲကျရာနေရာများဖြစ်သည့် ရွှေဘိုမြို့နယ် အမှတ် ၃ ရပ်ကွက်၊ မှန်သာကျောင်းတိုက်အတွင်း လုံးပတ် ၃ပေ အရှည် ၃၅ ပေခန့်ရှိ စိန်ပန်းပင်၁ပင် အမြစ်လှန် လဲကျ၊ လုံးပတ် ၁ပေ အရှည် ၂၅ ပေခန့်ရှိ စိန်ပန်းပင် ၁ပင်လဲကျ၍ အိမ်ပိနေ၍ စုစုပေါင်း ၂ ပင်နှင့်အမှတ် ၂ ရပ်ကွက် ရာဇအောင်မြေဘုန်းကြီးကျောင်းတွင် လုံးပတ် ၄ ပေ အမြင့် ၂၀ ပေရှိ၊ သင်ဘောမန်းကျည်းပင် လဲကျနေပါသဖြင့် ရှင်းလင်းပေးပါရန် ပြည်သူများမှ အကူအညီတောင်းခံလာသဖြင့် ရွှေဘိုခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် တာဝန်ရှိသူများက သစ်ပင် သစ်ကိုင်း အခက်အလက်များ ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး အဆိုပါ သစ်ပင်များလဲကျမှုကြောင့် လူနှင့် ပစ္စည်း၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)