ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး အမိုးလန်မှုဖြစ်ပွား

ရွှေတောင် မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ည(‌၁၈း၃၀)နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်း၍  ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စု၊ အင်္ဂူကျေးရွာနှင့် တဲကြီးကုန်းကျေးရွာအတွင်းရှိ လူနေအိမ်(၂)လုံး  အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်းချုပ်‌ကျေးရွာအုပ်စု၊ အင်္ဂူကျေးရွာမှဦးဇော်မိုး၏နေအိမ်တစ်လုံးနှင့် တဲကြီးကုန်းကျေးရွာနေဦးမောင်လှ၏ နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၁၅၄,၈၀၀) ကျပ်ရှိကြောင်းနှင့်  လေဘေးသင့်၍ နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိမိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာများမရှိကြောင်း သိရသည်။

မြို့နယ် ( ပြန် / ဆက်)