ဇီးကုန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မေ ၁၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်များအမိုးလန်ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကူဖြူကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာအုပ်စု၊ ဆိတ်ဖူးကျင်းကျေးရွာအုပ်စု၊ ဘော်ဘင်၊ ဘုရားကြီးကုန်း၊ ကန္တလီ၊ ဇရပ်လှ၊ စပါယ်မျှောင်၊ ကဇင်းကြီး၊ လယ်မ၊ ဝက်စာပိုး၊ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)၊ စသည့်ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် နေအိမ်(၂၇)လုံး အမိုးလန်ပျက်ဆီး ဆုံးရှုံးခဲ့သည်။ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဂွေးပင်ကုန်ကျေးရွာ အ.ထ.က(ဂွေးပင်ကုန်)စာသင်ကျောင်းတွင် အမိုးလန်၍ မျက်နှာကျက်များ ပျက်ဆီးခဲ့ပြီး ဇရပ်လှကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ်တစ်လုံး ပြိုလဲ့ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဘိုး(၄,၅၇၉,၃၀၀)ကျပ်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များပျက်ဆီးဆုံးရှုံးမှုမရှိခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်ဆွေမျိုးသားချင်းများမှ နေထိုင်စားသောက်နိုင်ရေးကူညီဆောင်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)