ကံမ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၆) နာရီက ကံမမြို့၊ အမှတ်(၂) ရပ်ကွက်မှ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် နေထိုင်သည့် အိမ်ခြေ(၂၂)အိမ်၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ ကျား (၄၀)၊ မ (၃၉)၊ စုစုပေါင်း(၇၉) ဦးတို့ကို ဘေးလွတ်ရာဖြစ်သည့် ယာယီကယ်ဆယ်ရေးစခန်းအဖြစ် အမှတ် (၂) ရပ်ကွက်၊ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ကြသည်။ ရွေ့ပြောင်းအိမ်ထောင်စုများအတွက်ထောက်ပံ့ပစ္စည်း လူ (၁)ဦးလျှင် ဆန် (၁) ပြည်နှုန်းဖြင့် (၇၉) ပြည်၊ ခေါက်ဆွဲခြောက်(၃) ထုပ်နှုန်းဖြင့် (၂၃၇)ထုပ်၊ ရေသန့် (၁)လီတာ (၃)ဘူးနှုန်းဖြင့် (၂၃၇)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုများ ရွှေ့ပြောင်းရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ကူညီစီစဉ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)