မြို့သစ် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီး ဌာန ဦးစီးအရာရှိမှ မိမိရုံးရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း ဆန် ၊ ဆီ ၊ ဆား ၊ကြက်သွန် ၊ ကြက်ဥ ၊ နှာခေါင်းစည်း(Mask )စသည့် ပစ္စည်းများကို ထောက်ပံ့ ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် ဝန် ထမ်းဦးရေ (၅၆)ဦးရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသမှုများ ပြုလုပ်နေစဉ် တွင် တစ်ဖက် တစ်လမ်းမှ မိသားစုအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်းတစ်ဦး လျှင် ဆန်(၄)ပြီ ၊ ဆီ(၅၀) ကျပ်သား ၊ ဆား (၁)ပိဿာ ၊ ကြက်သွန် (၁)ပိဿာ ၊ ကြက်ဥ (၁၀)လုံး ၊ နှာခေါင်းစည်း (Mask)ခုနှုန်း ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေကျပ် ( ၈)သိန်းဝန်းကျင်ခန့်အား ယမန်နေ့နံ နက်ပိုင်းက ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်ထံမှ သိရသည်။
မြင့်မြင့်ထွေး ( ပြန် / ဆက်)