ငါးသိုင်းချောင်းမြို့ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီးမှုဖြစ်ပွား

ငါးသိုင်းချောင်း မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ယမန်နေ့ ည (၁၈) နာရီ (၅၀) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ယမန်နေ့ (၁၈) နာရီ (၅၀) မိနစ်အချိန်က မိုးရွာသွန်းမှုနှင့်အတူ လေပြင်းများတိုက်ခတ်သဖြင့် သောင်ကြီးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ ဦးဇော်ထက်၏ ကြမ်းခင်း၊ ဓနိမိုးထရံကာ နေအိမ်အမိုးများပြုတ်ထွက်၍ အိမ်နံဘေးထရံများ ပြိုကျပျက်စီးပြီး ခန့်မှန်းတန်ဘိုး (၁၅၀၀၀၀/) ကျပ် ဆုံးရှုံးခဲ့ကာ လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မိသားစုအားနီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင်ပြောင်းရွှေ့ကာ မြို့သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု့ကော်မတီ၏စီစဉ်မှုဖြင့် စားဝတ်နေရေးလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)