ကျွန်းစုမြို့တွင် မုန်တိုင်းကာလအတွင်း ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မုန်တိုင်းကာလအတွင်း ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့ပေါ် အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံအရှေ့၌ အသိပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းကြောင့် ဘေးအန္တရာယ် ဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မုန်တိုင်းသတင်းကြေညာချက်ကို ကြားသိပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးပြောကြားပြီး အသိပညာ ပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ကျွန်းစု (ပြန်/ဆက်)