ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုလော မေ ၁၅

ပုလောမြို့အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၂  နာရီ အချိန်က ပုလောမြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပုလောမြို့ အမှတ်(၁)အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ မခင်ပြည့်စုံဦးက လှူဒါန်းပစ္စည်းများ ပေးအပ်မှုအခြေအနေကို ရှင်းလင်းခဲ့သည်။

ပုလောမြို့နယ်၌ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မီနစ်အချိန်ခန့်က ပုလောမြို့ အမှတ်(၁) ရပ်ကွက်တွင် မီးကြွင်းမီးကျန် မှတဆင့် နေအိမ်(၂၁)လုံး၊ အိမ်ထောင်စု (၂၂)စု၊ လူဦးရေ (၁၆၁) ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်ပြည်သူများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများပါဝင်သည့် ပစ္စည်းအိတ်များကို တစ်အိမ်ထောင်လျှင် (၂)ထုတ်စီ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)