(ဟင်္သာတ)တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များဖြင့် တွေ့ဆုံပွဲပြုလုပ်

ကြံခင်း မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ (ဟင်္သာတ) တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြန်အောင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ဇီးပင်ကွင်းအုပ်စု အုတ်ပုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဂိတ်အတွင်းလုံခြုံရေး အထူးကြပ်မတ်ဆောင်ရွက်ရန်မှာကြားပြီး ဆက်လက်ထွက်ခွာလာရာ ဆိပ်သာနယ်မြေရဲစခန်းသို့ ရောက်ရှိလာ ပြီ  ဆိပ်သာတိုက်နယ်ရှိ ပရဟိတအဖွဲ့များဖြင့် တွေ့ဆုံကာ မုန်တိုင်းဘေးရှောင် ယာယီစခန်း ပြင်ဆင်ဖွင့်လှစ်ထားခြင်းအား ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဆက်လက်ထွက်ခွာလာရာ ကြံခင်းမြို့ မြို့နယ်မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်ထားရှိမှုနှင့် တပ်စုများ အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုနောက် ကြံခင်းမြို့ဧရာဦးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့များ၊ ပရဟိတအဖွဲ့များဖြင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ရာ  (ဟင်္သာတ) တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းဆောင်ရွက်ပေး ကြဖို့ ပြောကြားသည်။

ထိုနောက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သဘာဝဘေးအန္တရာယ်  ဖြစ်ပွားလာပါက စီမံဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် ပတ်သက်ပြီး Power  Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် (ဟင်္သာတ)တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး၊  တက်ရောက်လာကြသော   မြို့နယ်ဌာန ဆိုင်ရာများ၊   မြို့နယ်မီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့ များနှင့် ပရဟိတအဖွဲ့များဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ  ဆက်လက်ထွက်ခွာသွား ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)