လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် (၃)ကြိမ်မြောက် ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ့ မေ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင်  ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အသင်းမှကြီးမှုးကျင်းပသော (၃)ကြိမ်မြောက် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ရှမ်းရွာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။  

ရှေးဦးစွာ နာမောတဿသုံးကြိမ်းရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရနှင့်ဆရာတော်၊ သံဃာတော်များက မိမိမြို့နယ်အတွင်းကလေးငယ်များ ယဉ်ကျေးလိမ္မာလာစေရန်၊ အခြေခံဗုဒ္ဓတရားတော်များကို သိရှိနိုင်စေရန်၊ မိမိဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ မွန်မြတ်သောစိတ်ထားများ မွေးမြူတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို မိမိကျေးရွာတွင် နှစ်စဉ်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် အသီးသီးဩဝါဒ မြွက်ကြားခဲ့ကြသည်။ ထို့နောက် သင်တန်းတွင်ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ သင်တန်းဆရာ/ဆရာများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းကို သင်တန်းနည်းပြများနှင့်ဆရာတော်၊ သံဃာတော်များက ကျောင်းသား/ကျောင်းသူ(၈၅)ဦးဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)