ဂန့်ဂေါခရိုင် ကျောက်ထုမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင် များအား မေးခိုင် ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျောက်ထု အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များကို မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်နှစ်လပြည့်၊ လေးလ ပြည့်၊ ခြောက် လပြည့် ကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ယမန်နေ့ နံနက် ပိုင်းက ထိုးနှံတိုက်ကျွေးပေးကြောင်းသိရသည်။

ထို့အပြင် အသက်()လပြည့်၊ (၁၈)လပြည့်ကလေးများကိုဝက်သက်ရောဂါကာကွယ်ဆေး၊ ဂျပန်ဦး နှောက်ရောင်ရောဂါကာကွယ်ဆေးတို့ကိုထိုးနှံပေးကြောင်းလည်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးကြရာတွင် ဒေသခံကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း (၄၅)ဦးခန့်ရောက်ရှိပြီး ကာကွယ်ဆေးထိုးနှံခဲ့ကြကြောင်း ကျောက်ထုမြို့ရှိ ကျန်းမာရေးဌာန၊ တာဝန်ခံ ဒေါ်လိန်းကီးရောင်၏ပြောပြချက်အရ သိရှိရသည်။

မောဟေမာန်(ပြန်/ဆက်)