အောင်လံမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကန်နှစ်ဆင့်ကျေးရွာ မူလွန်ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီး

အောင်လံ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရေနံကြီးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာရှိ မူလွန်ကျောင်း(၁)ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အောင်လံမြို့နယ် ကန်နှစ်ဆင့်ကျေးရွာ (၈x၃)ပင် သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် မူလွန်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ် - ၃၀၀၀၀၀/-ခန့်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများရရှိရေး သက်ဆိုင်ရာ သရက်ခရိုင် ဘေးစီမံနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)