မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

မြို့သစ် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် မိုးရာသီစိုက်ပျိုးနိုင်ရန်အတွက် မြို့သစ်မြို့၊ မြို့နယ် သစ်တောဦးစီးဌာန၊ မြို့မ ပျိုးဥယျာဉ်တွင် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။

မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန၌ ပျိုးထောင်ထားရှိသည့် ပျိုးပင်များမှာ "ယူကလစ်၊ ယင်းမာ၊ ဇီးဗြူ၊ လျှော်ဖြူ၊ ဗန်ဒါ၊ စိန်ပန်း၊ ပိတောက်၊ တပေဘူတ၊ ပျဥ်းကတိုး၊ ကံ့ကော်၊ ကုက္ကိုယ်" ပျိုးပင်စုစုပေါင်း (၇၀၀၀၀) ကျော်ကို ပျိုးထောင်ထားရှိပြီး စိုက်ပျိုးပြီး ပျိုးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)