မြို့သစ် မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယနေ့ နေ့လယ်(၁၅း၁၅)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မကြီးထူးကျေးရွာအုပ်စု၊ သံဘိုကျေးရွာမှ လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မကြီးထူးကျေးရွာအုပ်စု၊ သံဘိုကျေးရွာမှ (၄ပင်)၊ (၄)ပင် သွပ်မိုး၊ ထရံကာ အဆောက်အဦမှ (၁၂)ပေ သွပ် (၂၃)ချပ် အမိုးလန် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ငွေကျပ် (၂၈၇၅၀၀/-)ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)