ဆင်ပေါင်ဝဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ‌လူနေအိမ်များ အမိုးလန် ပျက်စီး

ဆင်ပေါင်ဝဲ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မကြီးကန်အုပ်စု၊ ကန်ပေါက်ကျေးရွာ၊ ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာနှင့် ထောက်မကျေးရွာအုပ်စု၊ ထောက်မကျေးရွာတို့တွင် ယမန်နေ့ နေ့လည် ၃ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကန်ပေါက်ကျေးရွာ အိမ်ခြေ (၁၀) လုံး၊ ဓမ္မာရုံ(၁)ရုံ၊ ဝန်ထမ်းအိမ်ယာ (၁)လုံး အမိုးလန်၍ ဘုရား(၃)ဆူမှ ထီးတော်များ ပြုတ်ကျခဲ့ပြီး သရက်အုပ်ကျေးရွာ အိမ်ခြေ (၇) လုံးနှင့် ထောက်မကျေးရွာ အိမ်ခြေ (၁)လုံး အဆောက်အဦ စုစုပေါင်း (၂၀)လုံး အမိုးလန် ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ လေဘေးသင့်ပြည်သူများ ယာယီနေထိုင်စားသောက်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ နီးစပ်ရာ ဆွေးမျိုးသားချင်းများနှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)