နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်

ဆွမ္မရာ အောက်တိုဘာ  ၆

ကမ္ဘာကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ တားဆီးရေးလုပ်ငန်းများကို နိုင်ငံ တစ်ဝှမ်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့၊ ဟိန်ကွက်ကျေးရွာအုပ်စု၊ ငကျန်ကျေးရွာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် တွင် လေရှီးမြို့နယ်နှင့် ဆွမ္မရာ မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျေးရွာအုပ်စုအုပ်ချုပ်‌ရေး အဖွဲ့များဖြင့် ကာကွယ်တားဆီ‌ရေးအဖွဲ့ (၄)ဖွဲ့ဖွဲ့စည်းကာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

အလားတူ ဆွမ္မရာမြို့ မြို့တွင်း စစ်ဆေးရေးဂိတ်တွင်လည်း ဆွမ္မရာမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ COVID-19 ကာကွယ် တားဆီးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆွမ္မရာမြို့တွင် ယခင်က အဆိုပါငကျန်ဂိတ်နှင့် မြို့တွင်းစစ်ဆေးရေးဂိတ် များတွင်COVID-19‌ ရောဂါ လူနာများမရှိကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)