ရန်ကုန်တိုင်းဒေသကြီး Facility Quarantine စင်တာတွင် သွားရောက်ကူညီ‌ဆောင်ရွက်ခဲ့သော ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုလည်ဆွဲပေးအပ်

ချောင်းသာ    အောက်တိုဘာ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ Facility Quarantine စင်တာ၌ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ကူညီဆောင်ရွက်ခဲ့သော ချောင်းသာမြို့ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၅) ဦးကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က‌ ချောင်းသာမြို့ ကြက်‌ခြေနီတပ်ဖွဲ့ရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်  ဂုဏ်ပြုလည်ဆွဲများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကြက်‌ခြေနီတပ်ဖွဲ့ဝင်များမှာ ရန်ကုန်တိုင်းဒေသကြီးမှပြန်လာပြီး မိမိတို့အိမ်တွင် (Stay at Home) တစ်ပတ်နေထိုင်ခဲ့ပြီးမှ ကျန်းမာရေးကောင်းမွန်သဖြင့် သွား‌ရောက် တာဝန်ထမ်း ဆောင်ခဲ့သည့်အပေါ် ဂုဏ်ပြုလက်မှတ် နှင့်ဂုဏ်ပြုလည်ဆွဲများကို ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ချောင်းသာနယ်မြေရဲ စခန်းမှူးနှင့်‌ ချောင်းသာ ကြက်ခြေနီ အသင်းခွဲငယ်ဥက္ကဋ္ဌတို့မှ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရွှေသောင်ယံ (ပြန်/ဆက် )