အုတ်တွင်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ကျောင်းရှစ်ဆယ်အုပ်စု ကျောင်းရှစ်ဆယ် ကျေးရွာ၌ ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်-မန္တလေး(လမ်းဟောင်း) ခပေါင်းတံတားအတက် မိုင်တိုင်အမှတ် (၁၅၇/၀)အနီး ဆောက်လုပ်ရေးရိပ်သာအတွင်းဘက်မှ သစ်ပင်တစ်ပင်လဲကျခဲ့ကြောင်းသိရသည်။
အဆိုပါ ဘောစကိုင်းသစ်ပင်(ပင်ကြီးမျိုး လုံးပတ် လေးပေခန့်)လဲကျမှုကြောင့် ဓာတ်အားလိုင်း ပေါ်ကျ၍ ဓာတ်တိုင်တစ်တိုင်လဲပြီး ဓာတ်အားလိုင်းများပြတ်တောက်ကာ ဆောက်လုပ်ရေး ရိပ်သာ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၅၀၀၀၀ ခန့်ဆုံးရှုံးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ၀င်များ၊ မြို့နယ်ရဲမှူး နှင့်ရဲတပ် ဖွဲ့ဝင်များ၊ တံတားလုံခြုံရေးတပ်မတော်သား များ၊မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူပြုပြင်ရှင်းလင်းဆောင် ရွက်လျက်ရှိပါကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)