ငရုတ်ကောင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံးပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဆင်မှုံကျေးရွာတွင် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံးပြီး ခန့်မှန်းတန်ဖိုး(၂၀၀၀၀၀)ကျပ်ခန့်နှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ(ချောင်းဝ)၌ နေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့ရာ ခန့်မှန်းတန်ဖိုး(၃၀၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
အဆိုပါနေအိမ်များအား မြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခန့်ခွဲမှုကော်မတီမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
မြို့ရုံး(ပြန်/ဆက်)