ဘုတ်ပြင်းမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်

ဘုတ်ပြင်း  မေ    ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့က သဘာဝ‌ဘေးအန္တရာယ်အသိပညာပေး (Talk  Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဖြူဖြူသိန်းက သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြီး လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က သဘာဝ‌ ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့်ပတ်သက်၍‌ လေပြင်းအတွက် ကြိုတင်ပြင်ဆင် ရန်အချက်များ ၊လေပြင်း တိုက်ခတ်နေစဉ် သတိပြု လိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရန် အချက်များ၊လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ဆောင်ရွက်ရရှိနိုင်သည် များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)