မြို့သစ်မြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့အမိုးလန်ပျက်စီး

မြို့သစ်    မေ  ၁၄           

 မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယနေ့နံနက်၉နာရီ၂၅ ကလေပြင်းတိုက်ခတ်မှုကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်()လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။  

အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့်"ဆူးတပ်ကြီးကျေးရွာအုပ်စု၊သံဘိုကျေးရွာမှ(၄ပင်×၄ပင်)သွပ်မိုး/ ထရံကာနေအိမ်တစ်လုံး၊ကိုင်းအုပ်စု၊ကြိုး ကြာအင်းကျေးရွာမှ(၄ပင်×၄ပင်သွပ်မိုး/ ထရံကာနေအိမ်တစ်လုံး၊ ဂွေးကုန်းအုပ်စု၊ ဂွေးကုန်းကျေးရွာမှ (၄ပင်×၄ပင်)သွပ်မိုး/ ထရံကာနေအိမ်တစ်လုံး၊ ပုလင်းပြားကြီးအုပ်စု၊ ပုလင်းပြားကြီး ကျေးရွာမှ(၄ပင်×၄ပင်)သွပ်မိုး/ ပျဥ်ကာနေအိမ်တစ်လုံးအမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်ရာ နေရာသို့သက်ဆိုင်ရာတာဝန်ရှိသူများ ကလိုအပ်သည်များ သွားရောက်ကူညီပေးကာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကလိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)