အုတ်ဖိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

အုတ်ဖို မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်ဦးမျိုးကျော်အောင်ဦးဆောင်၍တပ်ဖွဲ့ဝင်များက ကာကွယ်ရေးသုံးပစ္စည်းများစုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများရှိပါက အဆိုပါအဆောက်အအုံတွင် ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ အရေးပေါ်မော်တော်ယာဥ်များဖြင့် ဆောင်ရွက်ထားရှိခြင်း အစီအစဥ် (၁၃) ရပ်ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါစုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)