လက်ပံတန်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား အဘိုးအဘွား(၁၂၄၁)ဦးအား ကိုဗစ်ကာလ အတွင်းထောက်ပံ့ငွေပေးအပ်

လက်ပံတန်း အောက်တိုဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား အဘိုးအဘွားများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၃၇၂၃၀၀၀၀ )ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အောက်တိုဘာလ ပထမအပတ်တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံ လွှဲပြောင်းပေး အပ်ခဲ့ပြီး ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် လက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သက်ကြီး ဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အဘိုးအဘွား(၁၂၄၁)ဦးအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများကို ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး