ကြံခင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre ) ခန်းမတွင် (GTHS) အောင်မြင်သူများအတွက် ပညာသင်ယူမှုအခွင့်အလမ်းများအား ပြည်သူများသိရှိစေရန် ယမန်နေ့ နေ့လယ်ပိုင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်မည့် သင်တန်းသားများရရှိမည့်အခွင့်အရေးအသိပညာပေး (Talk Show) အစီအစဉ်ကို ကျင်းပပြု လုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မိတ်ဆက်စကားပြောကြားပြီး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (KG+9) အောင်မြင်သောကျောင်သား/သူများ နည်းပညာနှင့် အသက်မွေးပညာရေးတက်ရောက်သင်ကြားနိုင်မည့် အခွင့်အလမ်းဆိုင်ရာများ၊ စက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်များ၏ သင်ကြားမည့် စာတွေ့၊ လက်တွေ့သင်ကြားပေးမည့်အစီအစဉ်များ၊ ဝင်ခွင့်သတ်မှတ်ချက်များ၊ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့် လျှောက်လွှာများကို မေလ (၅) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး မေလ (၁၈) ရက်နေ့ထိ ထုတ်ယူခြင်းနှင့် တင်သွင်းရမည့်အချက်များကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းရမည့် ဖုန်းနံပါတ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တက်ရောက်မည့် သင်တန်းသားများ၏ အခွင့်အလမ်းဆိုင်ရာအသိပညာပေး (Talk Show) အစီအစဉ်၏ အချက်အလက်အပြည့်အစုံအား (Iprd. Kyankhin Page)နှင့် (ကြံခင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page) များတွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)