ဓနုဖြူမြို့နယ်တွင် ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွား

ဓနုဖြူ    မေ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရုတ်တရက်မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းက လူနေအိမ်နှင့်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှူကြောင့် တောကြီးကျေးရွာအုပ်စု၊ အရှေ့ကျားချောင်းကျေးရွာတွင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်()လုံးပြိုကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ()သိန်းခန့်ဖြစ်ကြောင်း၊ အမှတ်()ရပ်ကွက်တွင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းလူနေအိမ်()လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး()သိန်းခန့်ဖြစ်ကြောင်း၊ အမှတ်(၁၀)ရပ်ကွက်တွင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းလူနေအိမ်()လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ()သိန်းခန့်ဖြစ်ကြောင်းနှင့် မြို့နယ်ကော်မရှင်ရုံးရှိ မဲရုံသုံးပစ္စည်းများ သိုလှောင်သော ဂိုထောင်()လုံးတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ပြိုကျနေအိမ်()လုံးရှိ ဘေးသင့်အိမ်ထောင်စုကို နီးစပ်ရာဆွေးမျိုး၏နေအိမ်တွင် ယာယီပြောင်းရွှေ့နေရာချထားကြောင်းသိရသည်။ အဆိုပါ ဘေးသင့်နေအိမ်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ သက်ဆိုင်ရာရပ်/ကျေး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးခြင်း၊ ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းနှင့် နေထိုင်စားသောက်ရေးအတွက်စီမံပေးခြင်း၊ ပြိုကျနေအိမ်()လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အမိုးလန်ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဖိုးထောက်ပံ့ငွေများအား တစ်ပါတည်းထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)