မြန်အောင် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်ဝင်းနှင့် ဇနီးဒေါ်ခင်မာကြည် မိသားစုတို့က မုန်တိုင်းကာလအတွင်း နွမ်းပါးအိမ်ထောင်စုများ စားသောက် ရေးအဆင်ပြေစေရန် ယနေ့နံနက်က အိမ်ထောင်စုတစ်စု ဆန်(၃) ပြည် နှုန်းဖြင့် အိမ်ထောင်စု (၈၅)စုတို့ထံ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
မုန်တိုင်းကာလအတွင်း နွမ်းပါးအိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေ စေရန် မြန်အောင်မြို့နယ် အောင်ရတနာကျေးရွာမှအိမ်ထောင်စု(၄၄)စု ၊ ပြည်တော် သာကျေးရွာမှ အိမ်ထောင်စု( ၁၁) စုနှင့်မြန်အောင်မြို့အမှတ် (၁) ရပ်ကွက်မှ အိမ်ထောင်စု (၃၀)စု စုစုပေါင်း နွမ်းပါးအိမ်ထောင်စု(၈၅)စုတို့အား ဆန်(၃) ပြည်စီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)