ဒေးဒရဲမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ သစ်ပင်ပြိုလဲခြင်းများအား မီးသတ်ဦးစီးဌာနက ရှင်းလင်း

ဒေးဒရဲ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ မေလ ၁၄ ရက် နံနက် ၉ နာရီခွဲက  လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုရားကြီးကွက်သစ် (၆)လမ်းတွင် ကုက္ကိုလ်ပင်ပြိုလဲ၍ ဓာတ်တိုင်ပေါ်သို့ လဲကျလျက်ရှိကြောင်း သိရသည်။

အဆိုပါသစ်ပင်သည် လမ်းနှင့် ဓာတ်တိုင်ပေါ်သို့ ပြိုလဲကျခဲ့ပြီး လူနှင့် ယာဉ်များအား ထိခိုက်မှုမရှိကြောင်းနှင့် ပြိုလဲနေသော ကုက္ကိုပင်ကို ဒေးဒရဲမြို့နယ် မီးသတ်ဦးစီဌာန ဦးစီးအရာရှိ  ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က အမြန်ဆုံးရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် အင်အားအလွန့် အလွန်ကောင်းသော မိုခါဆိုင်ကလုံးမုန်တိုင်း၏ အရှိန်ကြောင့် ယမန်နေ့ညကစ၍ လေတိုက်ခတ်ပြီး မိုးရွာသွန်းလျက်ရှိပြီး မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ထားရှိသကဲ့သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်တာဝန်ရှိသော ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင့်မြင့်ခိုင်