အိမ်မဲ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အိမ်မဲမြို့နယ်၊ ခတ္ထိယကျေးရွာ၊ ပုလဲချောင်ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ နောင်ခူလာကျေးရွာ၊ ဥယျာဥ်စုကျေးရွာများမှ လူနေအိမ်များ၏ သွပ်အမိုး (၈၁)ချပ်နှင့် လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါအမိုးလန်သွားသောအိမ်များနှင့် နေအိမ်ပြိုကျပျက်စီးသွာသော အိမ်များမှ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါနေအိမ်များမှ ပြည်သူများအား ကျေးရွာအသီးသီးရှိတာဝန်ရှိသူများက ဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ထားကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)