လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်ခြင်းလုပ်ငန်း အရှိန်မြှင့်တင်ဆောင်ရွက်

လှိုင်းဘွဲ၊ အောက်တိုဘာလ ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပေါ် (၄)ရပ်ကွက်သို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်သည့်အချက်များ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြည်ခြင်း စသည့် အဆိုပါလမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)