ဝါးခယ်မ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ည ၉:၃၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ဆေးရုံရပ်ကွက်၊ မုံရွာ(၃)လမ်း၊ မဟာဝိသုတာရာမကျောင်းဝန်းအတွင်းရှိ လုံးပတ်(၅)ပေ၊ အရှည်(၃၀)ပေခန့်ရှိသည့် ပိတောက်ပင်သည် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အလျား(၂၀)ပေ၊ အနံ(၈)ပေရှိစင်္ကြံဆောင်ပေါ်သို့ ပြိုလဲမှုဖြစ်ပွားခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီမှ ယနေ့နံနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူနှင့်တိရိစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)